What is Bitcoin? >>> BITCOIN ဆိုတာဘာလဲ?

                           What is Bitcoin?   >>>   BITCOIN ဆိုတာဘာလဲ?




BITCOIN ဆိုတာဘာလဲ? youtube မှာလေ့လာနိုင်ပါတယ် >>>



    Bitcoin ဆိုတာအွန်လိုင်းမှာသုံးတဲ့ငွေကြေးတစ်မျိုးပါ။မြန်မာကျပ်ငွေ၊ဂျပန်ယန်းငွေ၊အမေရိကန်ဒေါ်လာ စသည့် ငွေကြေးကဲ့သို့ ငွေကြေးတစ်မျိုးပဲဖြစ်ပါတယ်။  ကွာခြားတာက internet  ငွေကြေးအနေနဲ့ ပဲအသုံး
ပြု  နိုင်မှာဖြစ်ပြီး၊ ပြင်ပလောကမှာ ငွေသားမနေနဲ့ အသုံးပြု နိုင်မှာ  မဟုတ်ပါဘူး။ ဒါပေမဲ့ Money Exchanger ဆိုတဲ့ ငွေလဲဌာန website Money Exchanger  ဆိုတဲ့ ငွေလဲဌာနတွေမှာ US Doller နဲ့လဲယူနိုင်သလို Bitcoin ကို အသုံးပြု တဲ့ website တွေကတိုက်ရိုက်ဝယ်ယူတာတွေလဲလုပ်နိုင်ပါတယ်။
ဒါပေမဲ့ bitcoin ဧ။် ကွာခြားချက်ကတော့ Bitcoin  က  Decentralized Currency ဖြစ်ပါတယ်။
ဥပမာ မြန်မာငွေကျပ်ဆိုရင်  မြန်မာဗဟိုဘဏ်ကနေ တာဝန်ယူထုတ်လုပ်တဲ့ ငွေကြေးပေါ့၊ ဒါပေမဲ့ Bitcoin ကိုတော့အဓိကပိုင်ဆိုင်တဲ့ ပိုင်ရှင်ဆိုတာမရှိပါဘူး။ ဘစ်ကွိုင် ဆိုတာ Virtual Currency ငွေကြေးတခုဖြစ်ပြီး
အင်တာနက် ကနေ တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက် လွှဲပို့ လက်ခံ လို့ရပါတယ်။ အင်တာနက်မှာ Bitcoin တွေ ၀ယ်လို့ ရောင်းလို့ရတဲ့ website တွေလည်းအများအပြားရှိပါတယ်၊ ဘစ်ကွိုင် တွေရှာလို့ရတဲ့
ဝက်ဆိုက် တွေလည်းရှိပါတယ်၊ သင့်ကွန်ပြူတာဖြစ် ဘစ်ကွိုင် ထုတ်လုပ်နိုင်ပါတယ် သင့်ကွန်ပြူတာဖြစ်
CPU (or) GPU နှင့် (သို့မဟုတ်)CPU+GPU (or) HDD နှင့် ထုတ်လုပ်နိုင်ပါတယ်။ အဲဒီလို Hardware တွေ နဲ့သုံးပြီးထုတ်လုပ်တာကို Bitcoin Miner လို့ခေါ်ပါတယ်။ Bitcoin သာမဟုတ်ဘဲ တခြားသော Cryptocurrency အများအပြားရှိပါတယ် ဥပမာ  Ethereum/Dash / Litecoin / Dogecoin /Zcash စသည့် အများအပြားရှိပါတယ်။ ဘစ်ကွိုင် ကို CPU Miner /GPU Miner/ ဖြစ်ရှာနိုင်သလို တချို့  ၀က်ဆိုက် Could mining တွေမှာ Free အဖြစ်သော် ၄င်း ရင်နီးသော်၎င်းရှာနိုင်ပါတယ်။





Comments